Skip to main content

Translated novel

 #Author_ မောင်ထွန်းသူ

#BookName_ ဆိုင်းလတ်မာနာ (Silas Marner the Waver of Reveloe_ By George Eliot)


ဆရာမောင်ထွန်းသူဘာသာပြန်ဆိုထားတဲ့ ဆိုင်းလတ်မာနာ စာအုပ်က ကျွန်တော့်စာအုပ်စင်မှာရှိနေခဲ့တာအချိန်ကာလတော်တော်ကြာခဲ့ပါပြီ။

ကျွန်တော်က စာကြီးပေကြီးတွေဆိုသိပ်မဖတ်ဖြစ်တာကတစ်ကြောင်း၊ စာအုပ်တွေမဖတ်ဖြစ်တော့တာကတစ်ကြောင်း အကြောင်းကြောင်းတွေကြောင့်မဖတ်ခဲ့တဲ့စာအုပ်ကောင်းတစ်အုပ်ပါဗျ။

Covid-19 first wave ရဲ့ Stay home ကာလတွေမှာတော့ မဖတ်ဖြစ်တာကြာတဲ့စာအုပ်တွေကိုပြန်ဖတ်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ အဆိုးထဲကအကောင်းတစ်ခုလို့ပဲဆိုရမှာပါ။

တကယ်တမ်းပြောရရင် ဆိုင်းလတ်မာနာ ကိုဖတ်ဖို့အတွက် ကျွန်တော်ရှစ်နှစ်လောက်အချိန်ယူခဲ့ရသလိုပါပဲ။ ဒါပေမယ့် ဆိုင်းလတ်မာနာကိုအစအဆုံးပြီးအောင်ဖတ်ဖို့ ကျွန်တော်၂ရက်ပဲကြာခဲ့တာပါ။

အစတုန်းကတော့ ဒီဘာသာပြန်စာအုပ်ကြီးက ပျင်းစရာကောင်းပြီးဖတ်လို့ကောင်းမှာမဟုတ်ဘူးလို့ထင်ခဲ့မိတာပါ။

အဲဒီပျင်းစရာကောင်းမယ်လို့ ကျွန်တော်ထင်ခဲ့တဲ့ဝတ္တုကြီးကပဲ ရာဗီးလိုးရွာအပြင်ဘက်က မီးရောင်မိန်ပျပျလေးလင်းနေတဲ့ တဲအိမ်လေးတစ်လုံးဆီကိုခေါ်ဆောင်သွားခဲ့သလို

သနားစရာယက်ကန်းသမားအိုကြီးတစ်ယောက်ရဲ့ အထီးကျန်ဆန်လွန်းလှတဲ့ ဘဝဖြတ်သန်းမှုပုံရိပ်တွေကိုမျက်လုံးထဲအခါခါမြင်ယောင်စေခဲ့ပါတယ်။

လူတွေကိုစိတ်နာပြီး သက်မဲ့ပစ္စည်းဥစ္စာတွေပေါ်မှာပဲ စွဲလမ်းမှုတွေနဲ့နစ်မြုပ်ရင်း

လမ်းပျောက်နေရှာတဲ့ ယက်ကန်းသမားအိုကြီး"ဆိုင်းလတ်မာနာ" ...

လူတွေနဲ့ပြောဆိုဆက်ဆံဖို့ ယုံကြည်ချက်တွေမရှိတော့ပဲ လူတွေအားလုံးကိုမုန်းတီးနာကျင်နေရင်း

လူတွေနဲ့တဖြည်းဖြည်းဝေးသထက်ဝေးကွာလာတဲ့ ယက်ကန်းသမားအိုကြီး"ဆိုင်းလတ်မာနာ" ...

သွေးသားတော်စပ်ခြင်းမရှိတဲ့ သူစိမ်းနှစ်ယောက်ရဲ့ကြားက ဖြူစင်သန့်ရှင်းတဲ့မေတ္တာတရားတွေကြောင့်

လူ့အသိုင်းအဝိုင်းနဲ့ပြန်လည်နီးစပ်လာခဲ့ရတဲ့ ယက်ကန်းသမားအိုကြီး"ဆိုင်းလတ်မာနာ" ...

အဲဒီ ယက်ကန်းသမားအိုကြီး "ဆိုင်းလတ်မာနာ"အကြောင်းနဲ့လှလှပပ ဇာတ်အိမ်တည်ထားတဲ့ ဆရာမောင်ထွန်းသူရဲ့ ဆိုင်းလတ်မာနာ စာအုပ်ကိုဖတ်ရင်း ...

အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူတို့ရဲ့ ရက်ရက်စက်စက်လှည့်ဖျားခြင်းကိုခံခဲ့ရပြီး

ပျော်စရာအကောင်းဆုံးနဲ့အအောင်မြင်ဆုံးဘဝကနေ လူတကာပြစ်တင်ရှုံ့ချပုတ်ခတ်ခြင်းတွေကိုခံယူရင်း နိမ့်ဆင်းပြိုကျသွားခဲ့ရတဲ့ဘဝနဲ့

ယုံကြည်မှုတွေရိုက်ချိုးဖျက်စီးခံလိုက်ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ဘဝကိုလည်း ကိုယ်ချင်းစာနာခဲ့ရပါတယ်။

သူစိမ်းနှစ်ယောက်ရဲ့ကြားက ဖြူစင်သန့်ရှင်းတဲ့ချစ်ခြင်းမေတ္တာတရားတွေကို

ယက်ကန်းသမားအိုကြီး"ဆိုင်းလတ်မာနာ"နဲ့ သူ့မွေးစားသမီးလေး "အက်ပီ"တို့နှစ်ယောက်ဆီကနေ ကြည်နူးဆွတ်ပျံ့စွာနဲ့ခံစားခဲ့ရတယ်။

စာအုပ်ထဲမှာ စာရေးဆရာပေးချင်တဲ့ message တွေအများကြီးဆိုပေမယ့်လည်း

အဓိကပေးချင်တဲ့အကြောင်းအရာကတော့ "မေတ္တာတရားပါပဲ"

အစစအရာရာ ပျက်စီးယိုယွင်းပြီး ခြောက်ကပ်အထီးကျန်နေရတဲ့သူတစ်ယောက်ရဲ့ဘဝကို မေတ္တာတရားနဲ့ပြန်လည်တောက်ပဆိုပြည်လာစေခဲ့တယ်။

နောက်ဆုံးမှာ ယက်ကန်းသမားအိုကြီး "ဆိုင်းလတ်မာနာ"ကို လူစည်းဝိုင်းအပြင်ဘက်ကနေပြန်လည်ဆွဲယူနိုင်ခဲ့တာဟာလည်း မေတ္တာတရားကြောင့်ပါပဲ။

အချုပ်ပြောရရင်တော့ ဒီစာအုပ်ထဲမှာ လူ့သဘောသဘာဝအတိမ်အနက်၊ လောကပါလတရားနဲ့

ချစ်ခြင်းမေတ္တာတရားတို့ရဲ့စွမ်းအားတွေကိုစနစ်တကျပုံဖော်ထားတဲ့စာအုပ်တစ်အုပ်ပါပဲဗျ။

ဖတ်ချင်စိတ်လည်းရှိပြီး ဖတ်လည်းဖတ်ခွင့်ရခဲ့ရင်ဖတ်ကြည့်စေချင်ပါတယ်ဗျ။

ဖတ်ပြီးတဲ့သူလည်း ပြန်အမှတ်ရပြီး မဖတ်ရသေးတဲ့သူတွေလည်း ဖတ်ချင်စိတ်လေးဖြစ်လာစေဖို့ရည်ရွယ်ပါတယ်ဗျာ။

ဖတ်ကြည့်ကြဖို့လည်းတိုက်တွန်းချင်ပါတယ်ဗျ။

စာအုပ်ပုံကတော့ ဖတ်ချင်စိတ်ပိုဖြစ်လာစေချင်လို့ နောက်ဆုံးပြန်ထုတ်ထားတဲ့စာအုပ်ပုံကိုပဲထည့်ပေးထားပါတယ်ဗျ။ (ကျွန်တော်လည်း အိမ်ကစာအုပ်အဖုံးကိုကြည့်ပြီး မဖတ်ဖြစ်ခဲ့တာမို့ပါဗျ)

#MgMoeLu



 

Comments

Collection of posts

Reader's Thoughts from "The Guys of Rangoon"

ပြီးခဲ့ရက်အနည်းငယ်လောက်တုန်းက ကျွန်တော်တို့နားမှာရှိတဲ့ City Mart Supermarket ကိုသွားရင်း ဆရာခက်ဇော်ရဲ့ " The guys of Rangoon" စာအုပ်ကိုတွေ့တာနဲ့ဝယ်လာခဲ့ပါတယ်။ ပုံမှန်လည်း ဝယ်ဖြစ်နေကျပဲဆိုတော့ ထူးထူးခြားခြားရယ်လို့မဟုတ်ဘဲ ဒီလိုပဲဝယ်ဖြစ်ခဲ့တာပါ။ ထမင်းစားပြီးတာနဲ့ လက်ဖက်ရည်တစ်ခွက်ဖျော်... စာအုပ်လေးဖတ်ပြီးတော့နှပ်မယ်ပေါ့ ( ငပျင်းကျင့် ငပျင်းကြံနဲ့ပါ... 😁)စာအုပ်တို့ရဲ့ထုံးစံအတိုင်း နေ့လည်ခင်းတရေးတမောမအိပ်ခင် အိပ်ဆေးတစ်ခွက်လိုပေါ့ ... ဖတ်ရင်းနဲ့ မျက်လုံးညောင်းလာရင် ခဏတစ်ဖြုတ်လောက် အိပ်လိုက်မယ်ပေါ့။ ဒါပေမယ့် ဒီဆရာကြီး "The guys of Rangoon" ကတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အဲဒီနေ့က စာအုပ်ဖတ်နေရင်းနဲ့ ညနေစောင်းလို့ စောင်းသွားမှန်းတောင်မသိလိုက်ဘူး ... ဒါပေမယ့် အဲဒါတောင် စာအုပ်ကတစ်ဝက်ကျိုးရုံပဲရှိပါသေးတယ် ... ကျွန်တော်စာဖတ်နှေးတာလည်းပါပါလိမ့်မယ်။ စာအုပ်ကလည်း စာမျက်နှာ(၅၂၀)ကျော်တာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ အစတုန်းကတော့ ဟုတ်တိပတ်တိသိတာမရှိပါဘဲ သိသလိုလို တတ်သလိုလိုနဲ့ စာအုပ် Review တွေရေးနေမိတာဆိုတော့ သိတဲ့တတ်တဲ့သူတွေကိုအားနာတာကြောင့် မရေးတော့ဘူးလို့တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စာအုပ...